http://dhamatharlar.blogspot.com/

အလည်ရောက်လာသူများ ကိုယ်စိတ်နှစ်ဖျာ လန်းဆန်းပါစေ

MP3 တရားတော်များ ဒေါင်းယူ နိုင်ပါပြီ

လိုအပ်သော တရားတော်များအားတောင်းဆို နိုင်ပါသည်

လိုအပ်သော တရားတော်များအားတောင်းဆို နိုင်ပါသည်

သရဏဂုံ တည်သောခါဝယ်

နောက်လဲ ထပ်မံ လာလည်ဖို့ ဖိတ်ကြားအပ်ပါသည်

Tuesday, July 12, 2016

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ

၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကို ရောက်ခဲ့ပါတယ်။ တရားစခန်းပွဲကို နောက်ထပ်တည်ဆောက်ထားတဲ့ ခေါင်နန်းဘုရင်ဆိုတဲ့ ဓမ္မာရုံအသစ်မှာ ကျင်းပပြုလုပ်တာကို တွေ့ရပါတယ်။ ကျမလည်း ကျောင်းမရောက်တာကြာပြီမို့ ကျမကိုမြင်တာနဲ့ နှုတ်ဆက်ကြတဲ့ အင်မတန် ရိုးသားတဲ့ ဓမ္မမိတ်ဆွေများကို ပြန်လှန်နှုတ်ဆက်ရင်း အလုပ်ထဲမှာ ပင်ပန်းနွမ်းနယ်မှုတွေတောင် ပြေပျောက်သွားခဲ့ပါတယ်။

အလုပ်တာဝန်များကြောင့် ကျောင်းလည်းမရောက် သတင်းတွေလည်း ပိတ်ဖြစ်နေတဲ့အတွက် ဆရာတော်ဘု၇ားကြီး ဘယ်အရပ် ကြွသွားသည့် သတင်းကိုတောင် အတိအကျမရ အများပြောစကားနဲ့သာ ပြောရသလိုဖြစ်တော့ သတင်းကမှားနေပါတယ်။

ဒီနေ့မှ ဆရာတော်ကြီး ယခုကျောင်းမှာသတင်းသုံးစဉ် အနားတွင် ပြုစုခဲ့သည့် ဆရာဦးထွန်းဝေနဲ့တွေ့မှ သတင်းကိုသိရပါတယ်။ ဆရတော်ကြီးထံမှာ တပါးသော ရဟန်းသည် ကျောင်းသင်္ကန်းမရှိဟုဆိုပြီး အလှူလာခံတဲ့အတွက် ဆရာတော်ကြီးဟာ မဟာမြိုင်တောကြီးထဲက ကျောင်းကို ပေးခဲ့တယ်လို့သိရပါတယ်။ သို့သော် ထိုရဟန်းသည် မဟာမြိုင်တောကျာင်းမှ ကန့်ဘလူမြို့နယ်ရှိ နောက်ဆုံးသီတင်းသုံးရာ ဥေယျဓာမ်ကျောင်းသို့ ပြန်ကြွလာတယ်ဆိုပါတယ်။

ဆရာတော်ဘုရားကြီးဟာ ထိုရဟန်းသည် မိမိသီတင်းသုံးရန်ပေးထားသော ကျောင်းတွင်သီတင်းမသုံးဘဲ မိမိသီတင်းသုံးသောကျောင်းသို့ ပြန်ကြွလာသည့်အတွက် ဥေယျဓာမ်ကျောင်းအား စွန့်သွားသည်ဟုသိရပါသည်၊

မှတ်ချက်၊ ကျမအား တိကျသော သတင်းပေးသည့် ဆရာဦးထွန်းဝေအား ကျေးဇူးအထူးတင်ရှိပါသည်၊

  ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်စစ်ကိုင်းတိုင်းကသာခရိုင် ဗန်းမောက်မြို့နယ် ရွှေနှစ်တောရတွင်အေးချမ်းစွာသီတင်းသုံးနေတော်မူပါသည်။
၁၃၇၈ ခုနှစ် တန်ခူးလကွယ်နေ့ နောက်ဆုံးထားပြီးအဝေးပရိသတ်အတွက်ဆွမ်းခံကြွချီတော်မူခဲ့ပါသည်။
ကဆုန်လဆန်း (၁)ရက်နေ့မှစ၍အဓိဋ္ဌာန်ဝင်တော်မူပါသည်


တရားစခန်းပွဲ၏ မှတ်တမ်းဓါတ်ပုံများတင်ပေးလိုသော်လည်း ကျမ ဘုရားပေါ်တွင် ဆ၇ာတော်ဘုရားကြီးအား စရဏဖြင့် ပူဇော်မှုပြုပြီး ဆင်းလာသောအခါ တရားစခန်းမှာ ည(၉)နာရီထိုးပြီဖြစ်သဖြင့် တန်းဖြုတ်ကုန်လေရာ ကျမမှာ ဓါတ်ပုံပင်ရိုက်ခွင့်မရလိုက်ပါ။

ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရားလည်း ကျောင်းတွင်ရှိသဖြင့် ၀ါဆိုသင်္ကန်းကပ်ခါ ရေဆင်းသို့ ပြန်လာခဲ့ရာ ရေဆင်းရောက်သော် ည(၁၀း၃၀) ဖြစ်နေပါတော့သည်။

Tuesday, February 3, 2015

နေပြည်တော် လက်လုပ်တောင် ရွှေနန်းသွင်းစေတီ တရားစခန်းပွဲအကြို မြင်ကွင်း

တရားထိုင်ခြင်တဲ့ သူများ အမြန်သွားရောက်ရင်လည်း ဆရာတော်များက လက်ခံမှာပါ။ အမြဲတမ်းသတ်မှတ် အရေအတွက်ထက်ကျော်နေကြဖြစ်ပါတယ်။ ကျောင်းမှာလည်း (၁၂)တောင်ရှိတဲ့ ကျောက်ဆင်းတု ဘုရားတဆူ ပူဇော်ဦးမယ်လို့ ဆရာတော် ဦးခေမာက မိန့်လိုက်ပါတယ်။ ထမနဲတွေထိုးထားလို့ ဦးဦးဖျားဖျားစားခဲ့ရပါသေးတယ်။ တပည့်လေးတယောက်ကတော့ ကျောင်းက ချက်တဲ့ အိုးကြီးချက် အချဉ်ဟင်းကို ကောင်းတယ်ဆိုပြီး အချဉ်ဟင်းပုဂံနားက မခွာတော့ပါဘူး။
အောက်ပုံမှာ ဘယ်ဘက်က မဟာစန်းလဘုရင်ဘုရား(မှော်ဘီ)နဲ့ မဟာနေဘုရင်ဘုရား(ဟင်္သာတ)တို့ပုံတော်တွေ ဘုရားအတက်မှာ ချိတ်ဆွဲထားတာကို တွေ့ရမှာပါ။
 လှူတန်းလိုတဲ့ နေပြည်တော်က ဒကာ ဒကာမတွေဘဲဖြစ်ဖြစ် တရားထိုင်လိုတဲ့ သူတွေဘဲဖြစ်ဖြစ် ကျောင်းကို ကြွခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

အလုပ်တွေရှုတ်နေတဲ့ ဦးခေမာ

အလုပ်ရှုတ်နေတဲ့ ဂေါပကအဖွဲ့များ

ချက်ပြုတ်ရေးတာဝန်ယူထားကြတဲ့ သစ်ထုတ်ရေးအဖွဲ့



Sunday, January 11, 2015

ဘာသာ ဿာသနာကို ထွန်းလင်းတောက်ပစေမည့် မဟာလဘုရင် ဘုရားနှင့် ကျောင်းလာပြီးဘာလာလုပ်နေတာလဲတဲ့

မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပါတယ်။ ညကြီး ကျောင်းကိုမသွားနိုင်တာကြောင့် နောက်နေ့မနက်က ပိတ်ရက်လည်းဖြစ်ပြန်၊ ကျမတို့ရဲ့ ညွှန်ကြားရေးမှူချုပ် ဒေါက်တာရဲတင့်ထွန်းရဲ့ မွေးနေ့လည်းဖြစ်ပြန်တာကြောင့် စောစောထပြီး ဆရာ့မွေးနေ့ကို မှာ မုန့်ဟင်းခါးကို ကွင်းထဲ သွာားပြီးလွေးလိုက်ပါတယ်။ အဲဒီနောက်တော့ ကျောင်းကို ဆိုင်ကယ်နဲ့ အမြန်သုတ်ရပါတယ်။ တကယ်အမြန်ပါ။ အသက်(၅၈)နှစ်ထဲ ၀င်လာပြီဖြစ်တဲ့ ကျမအတွက်တော့ KM -60 မောင်းနှင်လာတယ်ဆိုတာ တကယ် အန္တရာယ်ပါဘဲ။ သို့ပေမဲ့ ဘာမှ မဖြစ်ဘူးလို့ စိတ်ထဲမှာ ခံယူချက်အပြည့်နဲ့ကျောင်းရောက်သွားပါတယ်။ ကျောင်းအ၀င်လမ်းမှာ အရှိန်က မသတ်နိုင်တာကြောင့် ဆရာတော် ဦးခေမာရဲ့ ပူညံ အသံလေး ကြားလိုက်ရပါတယ်။ ဒီနောက်တော့ လှူခြင်တာလေးသွားလှူလိုက်ပါတယ် သတင်းကရထားတယ်လေ။ ဆ၇ာတော် ဦးဗောဓိက ဆွမ်းစားအမှီ ကြွလာမှာတဲ့ ဒါကြောင့် ကျမက ဆိုင်ကယ်ကို အမြန်နှုန်းတင်ပြီးစီးလာတာပါ။
ရောက်တာနဲ့ ဆ၇ာတော့်ကျောင်းပေါ်တန်းတက်ခွင့်ရတယ်။ ဆွမ်းပွဲပြင်နေပြီ။ ကိုမိုင်ကယ်ကတော့ နားနေတယ်လို့ ပြောပေမဲ့ ဂေါပကအဖွဲ့ တွေ က ကျမကိုချစ်ခင်တော့ လာသွားမယ်နဲ့ ခေါ်သွားပါလေရဲ့။
ဆရာတော်ကတော့ ခရီးကပန်းပန်း ဧည့်သည်တွေကလည်းရှိ။ ရေဆင်းက နာမည်ကြီး ဒိန်ချဉ်ကို ၀ယ်ကပ်ဖြစ်တယ်။ တကယ်တော့ ဒိန်ချဉ်ဆို တဲ့ ဘောဇဉ်အစား ဆေးအဖြစ်ကပ်တာဖြစ်ပါတယ်။ ကျမကိုယ်တိုင် ဆေးအဖြစ်သောက်ပါတယ်။ ဒီမှာကြုံလို့ ဒိန်ချဉ်အကြောင်း အနည်းငယ် ပြောလိုပါတယ်။ ဒိန်ချဉ်ဟာ အစာအိမ်အတွက်ကောင်းသလို အဆီလည်းကျစေပါတယ်။ အလုပ်လုပ်ရလို့ နှုံးနေတဲ့ အချိန်မှာ ဓါတု ဆေးလုံးဝမပါတဲ့ ဒိန်ချဉ်ကို သောက်လိုက်ရင် ပြန်အားအင်ပြည့်သွားစေပါတယ်။ ကျမ၀ယ်တဲ့ ဒိန်ချဉ်ဆိုင်က တက္ကသိုလ်က ဒေါက်တာဘွဲ့ ရ ဆရာမတဦးရဲ့ အမကရောင်းချပြီး တက္ကသိုလ်ကျောင်းသားတွေ အ၇မ်းဝယ်သောက်တာကြောင့် နေ့ကျန်ဆိုတာမရှိတဲ့ ဒိန်ချဉ်ပါ။
ပြီးတော့ ဘုရားပေါ်တက် အိမ်က တပါတည်းယူသွာားတဲ့ နေကထိုင်လေးချပြီး လှူထားတဲ့ ပစ္စည်းလေးတစ်ခုရဲ့ ကုသိုလ်ကို ပိုသန့်ခြင်လို့ တရားထိုင်လိုက်ပါတယ်။
စိတ်ဆိုတဲ့စိတ်ဆိုတဲ့အတိုင်း ၊ စတရာားထိုင်လို့မှ (၅)မိနစ်ရှိသေး ဇန်န၀ါရီလ (၂၄)ရက်နေ့မှာ ရောက်လာမည့် မက္ကစီကို နိုင်ငံက ညွှန်ကြားရေးမှူးချုပ်နဲ့(၂)ဦးကို စာပြန်ရမဲ့ ကိစ္စ လုပ်ရန်ကြံသေးတဲ့ကိစ္စတွေကို တသီးကြီးတွေးမိနေပါတော့တယ်။ တွေးလို့တွေးနေမှန်း မသိတဲ့ အချိန်လေးမှာ (သတိမပါတဲ့အချိန်ပေါ့) အသံတသံက ခပ်တိုးတိုးနဲ့ ကျောင်းလာပြီး ဘာလာလုပ်နေတာလဲ လို့ ကြားအလိုက်ရပါတယ်။ ကျမက နည်းနည်းတော့ လန့်သွားတယ်။ မမျှော်လင့်ထားတာကော အတွေးတွေနဲ့လုံးထွေးနေတာကြောင့် ရုတ်တရက် တိုးတိုးနဲ့ ပီပီသသကြားလိုက် ရတာရောကြောင့်ပါ။ အတွေးတွေရပ်ပြီး အမှတ်သတိနဲ့ထိုင်လိုက်ပါတယ်။ သတ်မှတ်ချိန်ကြတော့ တရားဖြုတ်လိုက်ပြီး တိတ်တိတ်ကလေး ဘုရားပေါ်ကဆင်းလာပါတယ်။
အဘဦးတင်မြင့်က မြင်တော့ ကျမကို ထမင်းစားခေါ်ပါတယ်။ ကျမ မစားဖြစ်ခဲ့တော့ပါဘူး။ ဘာကြောင့်ဆို ကျောင်းကလည်း မုန့်ဟင်းခါး  ဖြစ်နေတော့ နှစ်ထပ်ရှိသွားတော့ ဗိုက်ကလုံလောက်သွားပါပြီ။ ကျမပစ္စည်းလေးလှူတော့ ဆရာတော်က ဘုရားသယ်ဘို့ စရိတ်အတွက် ရောင်းစားမယ်လို့ပြောပါတယ်။ နဂိုတည်းက ရည်ရွယ်ထားပြီးသား မြန်မြန်ကို သံယောဇဉ်ပြတ် လှူ ခြင်နေတာဖြစ်ပါတယ်။
ဆရာတော်က သံဃာ့သဒေမလို့ ချပေးနေစဉ်မှာ မဟာဗောဓိမြိုင်ဆရာတော်ကြီးသင်ထားသလို စိတ်ထဲကနေ သုံးပါးသော သရဂုံနှင့် ၅ စုံသော သီလအားဆောက်တည်ပါ၏လို့ သရဏဂုံနဲ့ သီလကို အာရုံပြုလိုက်ပါသေးတယ်။ ပြီးတော့ လှူပြီးရင် မစင်စွန့်သလိုစွန့်လိုက် ကိုယ့်မစင် ကိုယ်ပြန်ကြည့်ခြင်သေးလားလို့ ပယ်ပယ်နယ်နယ် ထိထိမိမိ ဟောထားတဲ့တရား၊ တနည်းအားဖြင့် သင်ပေးတဲ့တရားကို အမှတ်လည်း ရမိ လိုက်ပါတယ်။
ကျောင်းက အပြန် နေမင်းကြီးရဲ့အနေအထားကိုကြည့်ရပါတယ်။ ခေါင်းပေါ်ရောက်လုဖြစ်နေပါပြီ။ နေမင်းကြီးအရောင်နဲ့ အကောင်းဆုံးဖြစ်နိုင် မည့် အနေအထားကနေ မဟာလဘုရင်ဘုရားပင့်ဆောင်လာတဲ့ ပုံကို ရွှေနန်းသွင်းစေတီတော်ကြီးနောက်ခံပြီး ရိုက်ပြီးမှတ်တမ်းတင်လိုက်ပါတယ်။ မဟာလဘုရင်ဘုရားဟာ (၁၃.၁.၂၀၁၅) မနက်( ၅)နာရီ(၄၅)မိနစ် မှာ မှော်ဘီမြို့နယ်ရှိ ဗောဓိရိပ်ငြိမ် ကျောင်းကို ပင့်ဆောင်ပူဆော်မှာဖြစ်တယ်လို့ သိရပါတယ်၊ နောက်ထပ် (၂)ဆူလည်း ပင့်ရန်ရှိသေးတယ်လို့ သိရပါတယ်။ တစ်ဆူက ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွက်လို့သိရပါတယ်။ ဆရာတော်လေး ဦးခေမာလည်း အလုပ်ရှုတ်နေတော့ မေးရင် ငေါက်ခံရမှာစိုးလို့ မမေးဖြစ်လိုက်သေးဘူး။ မနက်ဖန်ညမှာ ရေစက်ချပွဲနဲ့ တရားပွဲရှိပါတယ်။ နေပြည်တော်က ပရိတ်သတ်များ ကြွရောက်တရားနာနိုင်ဘို့ အွန်လိုင်းက ဖိတ်မံတက ပြုလိုက်ရပါတယ်။ အကုသိုလ်က အချိန်တိုင်း ကုသိုလ်ကတော့ ရှာကို ယူမှ ရတာမို့ နိုးဆော်လိုက်တာပါ။
ဝေနေယျတွေ အမျှဝေ အလှူခံဇရပ်ဝင်ပြီး ဘိုးတို့ကိုနှုတ်ဆက်၊ အဲ ကောက်ညင်းပေါင်း (ကောင်းခြင်းပေါင်း)ထုတ်တွေပေးတော့ ဗိုက်ပြည့် နေပေမဲ့ အတိတ်နမိတ်ဆောင်ခြင်တာကြောင့် ယူခဲ့သေးတယ်။ အခုအချိန်မှာ သာသနာ ထွန်းလင်းတောက်ပဘို့ မိဘတွေကလည်း အင်မတန်မှ ဘာသာရေးအားနည်းလာကြ စားဝတ်နေရေးက အဓိကဖြစ်လာ။ ဒီနေ့ တေးရေးဆရာအောင်နိုင်စန်းက facebook ပေါ်မှာ ဗောဓိညောင်ပင်အောက်က ဆင်းတုပေါ်တက်ပြီး ဘုရားကို ကောင်လေးတယောက်နဲ့ ကောင်မလေးတစ်ယောက်က ဖက်နေတဲ့ ပုံ(၂)ပုံတင်ထားတယ်။ သူကရွှေဘိုသားပါ၊ ဘာသာရေးလည်းအလေးအနက်ထားသူပါ။ သူက ဒီလို ဗမာတွေ ပျက်လာပြီ ဆိုတာကို တင်ပြတာဘဲ။ အကုန်က ၀ိုင်းပြီး သူ့ပုံကို ဆိုပြောကြတယ်။ အဲဒါထက် ကိုယ့်အမျိုးဘာသာကို ဖျက်ဆီနေကြတာကို ဘယ်လိုကာကွယ် မလဲ ဆိုတာက အရေးကြီးလာပြီ။  ပေါ့ပေါ့လေး သဘောထားလို့မဖြစ်ဘူး။ ဗုဒ္ဓဘာသာတွေ ကိုယ့်ဘုရားကိုယ်တန်ဘိုးထားရကောင်းမှန်း မသိတော့ ဘူး။ အနောက်နိုင်ငံတွေက ပျက်ပြ၊ လိုက်အတုခိုး။ ငရဲလည်းမကြောက်။ မမြင်ရဘဲကိုး မြင်ရတဲ့သူတွေက ကြောက်တယ်။ မြင်ရအောင် ကျင့်ကြတာကိုး။ မျက်ကန်းတွေ တစ္ဆေမကြောက်ဖူးလို့ အဆိုရှိတယ် မျက်ကန်းထက်အဆင့်မြင့်လာ နားပါးကန်း၊ အသိဥာဏ်ပါ ကန်းကုန် ကြကုန်ပြီ။ ဒါကြောင့် မိဘဆိုသည့် မည်သည့်မိဘမဆို ဘာသာ သာသနာကို စောင့်ရှောက်နိုင်အောင်ကြိုးစားစေခြင်ပါတယ်။
မဟာလဘုရင်ဘုရားသည် အေးမြသောအရောင်အလင်းကိုဆောင်လျက် ကြွလာပေပြီ။ သာဓု သာဓု သာဓု

မဟာလဘုရင်ဘုရား (မဟာစန်းလဘုရင်ဘုရား)

အနီးကပ်ကြည်ညိုဖွယ်ရာ မဟာလဘုရင်ဘုရား
ပွဲများထိုးပြီး ပူဖော်ထားတဲ့ အလှူခံ မဏဍ္ဍပ်


ကျန်းမာသက်ရှည်ပါစေဘို့ ဘိုးမြသန်းနှင့် ဦးဝင်းမောင် အလှူခံ မဏဍ္ဍပ်မှာ အမှတ်တရ

Monday, November 24, 2014

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသတင်း



တန်ဆောင်မုန်းလပြည့်နေ့က ကျောင်းကိုရောက်သွားတော့ နေ့ခင်းပိုင်းလည်းဖြစ်၊ ဂေါပကများဖြစ်တဲ့ ဆရာဦးတင်အေး၊ ဆရာဦးထွန်းဝေနဲ့ အဘ ဘိုးမြသန်းကိုဘဲ ကျောင်းမှာတွေ့ပါတော့တယ်။ ဥပုဒ်သယ်များ ကလည်း သီလယူပြီးပြန်ကုန်ကျပြီလို့ပြောပါတယ်။
ဒါနဲ့ ဆရာဦးထွန်းဝေတို့နဲ့ စကားစမည်ပြောကြရင်း ဆရာတော်ဘုရားကြီးသတင်းရောက်သွားကြသည်။ ယခုလုံးဝကို အ၀င်မခံ ၊ လာနေကျ ရွာမှ ကပ္ပိယတောင် အ၀င်မခံတော့ ဆွမ်းများကို အသာထားပြီး ထွက်သွားကြရသည်ဟုသိရပါသည်။ ၂၀၁၅ လောက်အထိ မျှော်လင့်ချက်ကုန်နေပါပြီ ။ ဖူးဘို့ကတော့ အဝေးကြီးဘဲဟုပြောပြပါသည်။
ဗိုလ်ချုပ်တစ်ဦး (၃)ကြိမ်လာပြီး တံခါးဝတွင် စောင့်ခဲ့ဘူးသည်။ တံခါးမဖွင့်ပေးလို့ ပြန်သွားသည်။ ထိုမှစပြီး ရွာထဲမှ ကပ္ပိယကိုပင်လျင် အ၀င်မခံဟုပြောပြပါသည်။
ကျမကတော့ တနေ့နေ့တွင် အဖူးခံလိမ့်ဦးမယ်ဟု မျှော်လင့်ထားပါသည်။ မည်သည့်အချိန်အခါတွင်သာ မသိပါ။ ဘာကြောင့်လဲလို့မေးရင်တော့ ဆရာတော်သည်လည်း ဝေဘူဆရာတော်ဘုရားကြီးနှင့် ပြောပုံဆိုပုံ မေတ္တာတရားကြီးမားပုံ၊ အဘိဥာဏ် ပိုင်နိုင်ပုံတို့တူညီသကဲ့သို့ ဆရာတပည့်လည်းဖြစ်ခဲ့ဘူးသည်။  ဝေဘူဆရာတော် ဘုရားကြီးကား  မေတ္တာတရားအလွန်ကြီးမားသကဲ့သို့ ဆရာတော်ဘုရားသည်လည်း မေတ္တာတရားကြီးမားလှပေသည်။ ဝေဘူဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က နယ်လှည့်အပူဇော်ခံခဲ့သည်မှာ သတ္တာဝါ တို့အား ရကောင်းစေသော နိဗ္ဗာန် တောင့်တကောင်းသောနိဗ္ဗာန် ဆုတောင်းအပ်သော နိဗ္ဗာန်တို့အား ပါရမီအခံအစားစားအလိုက် လွတ်မြောက်ကြပါစေခြင်းအလို့ငှာ အဖူးမျှော်ခံပေးခြင်းဖြစ်ပေသည်။
မိမိကား ဝေဘူဆရာတော်ဘုရားကြီးအား ၁၃-၁၄ နှစ်သမီးအရွယ်တွင် ဖူးမျှော်ခဲ့ရသည့်ကာလ၊ ဗန်းမော်မြို့သူ မြို့သားတို့၏ သောင်းသောင်းဖျဖျ ဖူးမျှော်ကြသည်ကို သီးခံတော်မူပြီး သက်တော်ကိုမထောက် ငှဲ့ညှာ သနားညှာတာခဲ့ပေရာ- ထိုအချင်းအရာတို့သည် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိုးမိတ်မြို့သို့ကြွရောက်သည့် သဘောနှင့် ထပ်တူနည်းပါးကျပါသည်၊  ဆရာတော်ဘုရားကြီးကား ၄င်း ကယ်ချွတ်ရန်ရှိသော ဝေနေယျ များအား ကယ်ချွတ်သွားခြင်းပေတည်း။
ပြန်လည်သုံးသပ်မိသော် ချွတ်ထိုက်သော လက်ကျန်စာရင်းများ ကျန်နေသေးမည်မှာ မလွဲပေ။ ထို့ကြောင့် မိမိအနေဖြင့်တော့ ဆရာတော်ဘုရားကြီး အထူးမျှော်ခံ- ချွတ်ထိုက်သူတို့ကိုချွတ်- ပါရမီလမ်းဆွဲတင်ရမည့် သူများကိုလည်း ဆွဲတင်လိမ့်ဦးမယ်ဟု မျှော်လင့်မိသလို ယခုစာရေးသားရင်းလည်း ဆရာတော်ဘုရားကြီး အား မနောဖြင့် ရိုသေစွာညွတ်ထွားလျှောက်ထားလိုက်မိပါတော့သည်။
သူတော်ကောင်းတို့အလင်းဓါတ် ကမ္ဘာ့အမှောင်ခွင်းမည်သာ။ သူတော်ကောင်းကြီးများ၏ ဥာဏ်အလင်း ကမ္ဘာ့တခွင်လင်းလက်မည်သာ။
ကျမ၏ဆရာမ မကြာခဏပြောဘူးပါသည်။ ယခုဘ၀တွင် ကျင့်ကြံအားထုတ်မှုကြောင့် အထက်သို့ တက်သော် အောက်တွင် ကျန်နေသည့် အထူးသဖြင့် ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ အား မချွေမချွတ်လို့မရပါတဲ့။
ဝေနေယျ သတ္တ၀ါအားလုံးကျန်းမာချမ်းသာကြပါစေ။

Sunday, November 23, 2014

မဟာနေဘုရင်နှင့် ညီနောင်တော် မဟာလဘုရင်ဘုရားအား ထပ်မံပင့်ဆောင်ပူဇော်ခံတော့မည်


၁၉-၁၁-၂၀၁၄ နေ့မှာ နေပြည်တော်ကို အစည်းအဝေးတက်ပြီးအပြန်မှာ လက်လုပ်တောင်ရွှေနန်းသွင်း (မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးယခင်သီတင်းသုံးသွားသည့်ကျောင်းတော်)ကို ရောက်ဖြစ်ခဲ့ပါတယ်။ မိုးကလည်းချုပ်ချုပ်ဆိုတော့ မှောင်မှောင်မဲမဲထဲမှာ ကျောင်းပေါ်တက်သွားတော့ ဆရာတော် ဦးခေမာက မီးဆလိုက်တွေနဲ့ ကိုလှမြင့်တို့အဖွဲ့နှင့် ထုံးစံအတိုင်း အလုပ်တွေရှုတ်နေပါတယ်။
ဆရာတော်ကိုလည်း မတွေ့ရတာများပါတယ်။ ကျောက်မိုးဆိုတဲ့ တပ်ကုန်း မြို့နယ်၊ ကင်းသာဆည်လမ်းခွဲကျော်သွားတဲ့ ပင်လောင်းနယ်အစပ်မှာ ကျောက်မိုးအရပ်မှာ တပါးနေအဆောင်တွေဆောက်လုပ်နေတဲ့အတွက် လယ်ဝေး ကြွသွားလိုက် ကျောက်မိုးကြွလိုက် မှော်ဘီ ဆရာတော် ဦးဗောဓိထံကြွလိုက်နဲ့ ဖမ်းလို့မရတာက များများပါ။ တပါးနေဆောင် အလုံး(၄၀)လောက် ပြီးနေပြီလို့ဆိုပါတယ်။ ပုံလေးတွေ ပြတဲ့အတွက် ပုံလေးတွေလည်းမြင်ခဲ့ရပါတယ်။
ဦးဇင်းက ဇန်န၀ါရီလကုန် ဖေဖော်ဝါရီလဆန်းလောက်မှာ မဟာနေဘုရင် ဘုရားရဲ့ညီနောင်ဖြစ်တဲ့ မဟာလ ဘုရင်ဘုရားကို မန္တလေးမှာ သိန်း(၄၀၀)ဖြင့် ပူဇော်ထားတာ လက်လုပ်တောင်တွင် ကြွရောက်သီတင်းသုံး အပူဇော်ခံမည်ဖြစ်ကြောင်း မိန့်ပါတယ်။ တကယ်တော့ စန်းလဘုရင်လို့ ဘွဲ့တော်တပ်တာဖြစ်ပေမဲ့ နေဘုရင်ဘုရားရဲ့ ညီတော်နောင်တော်မို့ လဘုရင်လို့ဘဲ ဘွဲ့တော်သတ်မှတ်မည်ဖြစ်ကြောင်းမိန့်ပါတယ်။ ဥာဏ်တော် (၁၈)ပေဖြစ်ကြောင်းလဲ မိန့်ပါတယ်။
နေပြည်တော်က သာသနာတော်ကို ချစ်မြတ်နိုးကြသော သာသနာနွယ်ဝင်အပေါင်းတို့ ဖူးမျှော်ကြည်ညို ကုသိုလ်ပွားကြဘို့ စောင့်မျှော်ကြပါစို့။
ဦးဇင်းကမိန့်လိုက်ပါသေးတယ်။ မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး မဟာမြိုင်တောကြီးထဲက ဘာကြောင့် ရွှေဘိုပြောင်းရတယ်ဆိုတာ သူရဇ္ဇမဂ္ဂဇင်း အထူးထုတ်မှာ ဖတ်ကြည့်လို့မိန့်ပါတယ်။
ဒါကြောင့် ကျောင်းကအပြန်မှာ ရုံးက ဆေးရုံတက်နေရတဲ့ ၀န်ထမ်းလေးကို သီရိသုခမှာ အခြေအနေ ၀င်မေးရင်းနဲ့ မြို့ထဲက စာအုပ်ဆိုင်မှာ ကျမနဲ့လိုက်ပါလာတဲ့ ကားဆရာလေး နေအောင်(ခ)ကတုံးမက စာအုပ်ဝင်ဝယ်ပါတယ်။ ကျမကတော့ ထမင်းပေါင်းအိုးပျက်လို့ အိမ်မှာ ဆွေတော်ရှစ်သောင်းမျိုးတော် ပေါင်း ကြောင်(၇)ကောင်ကို ကျွေးမွေးရတာ မနက်ထမင်းမစားရရင် လူကို နည်းပေါင်းစုံနဲ့လာနိုးနေတတ် တဲ့အတွက် သနားလို့ ထမင်းပေါင်းအိုးဝယ်ရပါတယ်။
နေအောင်ဆီက သူရဇ္ဇကို အရင်ဖတ်ဦးမယ်ဆိုပြီး ယူထားလိုက်ပါတယ်။ ဆရာတော် ဘုရားကြီး ကိုယ်တိုင် ရေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ လူသာမန်တွေ တယောက်နဲ့ တယောက် တိုက်ကျခိုက်ကျ တွန်းကျ အပေါ်ယံတော့ သကာရေလောင်းထားပြီး အတွင်းမှာစိတ်ထားမကောင်းတာတွေ ကြုံခဲ့ပေါင်းများတဲ့ ကျမဟာ ဆရာတော်ကြီးရဲ့ ဆောင်းပါးကိုဖတ်ပြီး အတော်ကို စိတ်နှလုံးမသာမယာဖြစ်မိခဲ့ပါတယ်။
သို့သော် သီလစင်ကြယ်သော အရိယာဆရာတော်များ၊ ကျင့်ကြံအားထုတ်မှုအားကောင်းသော ထိရောက်သော အရိယာဆရာတော်ကြီးများ အားလုံးကို မည်သူသည် တိုက်ခိုက်နေပါစေ၊ တုန်လှုပ် ခြင်း မရှိ- ဝေးရာသို့ ကြွခဲ့ပြီး အရှုံးပေးသွားပါသည်။ တကယ်တော့ အရှုံးကားမဟုတ်-ဥာဏ်အလင်းဖြင့် ဆင်ခြင်ကြည့်လျင် သိမြင်နိုင်ပါလိမ့်မည် ဓမ္မမိတ်ဆွေ အပေါင်းတို့။
ကျောက်သားထုသည် လေတိုက်လျင် မလှုပ်-သစ်ပင်တို့ကား လေတိုက်လျင် လှုပ်တတ်ကြသည် မဟုတ်ပါလော။

Sunday, September 21, 2014

အစွဲအလန်းတို့၏ နောက်ဆက်တွဲ

ဒီအဖြစ်အပျက်ဟာ သိပ်မကြာသေးခင်က ကျမတို့နေရာလေးမှာ တကယ်ဖြစ်ပျက်သွားတာလေးပါ။ အမျိုးသမီးဝန်ထမ်း(မ)ဟာ ရောဂါတခုနဲ့ သေသွားပါတယ်။ သူက နဂိုကလည်း ခပ်အေးအေး ခပ်ဆိတ်ဆိတ်နေတတ်တဲ့သူပါ။ သူသေသွားတယ်ဆိုတော့ တနေ့ လူတိုင်းဒီလမ်းဘဲလေ။ ထူးဆန်းတာမှ မဟုတ်တာလို့စိတ်ထဲတော့တွေးလိုက်မိတယ်။ သူ့သားလေးကလည်း မနှစ်က ဆုံးသွားတယ်။ ဗိုက်အောင့် တယ်ဆိုပြီး ဆုံးသွားတာပါ။ သမီးလေးရယ် ခင်ပွန်းရယ်တော့ ကျန်ရစ်ခဲ့တယ်ပေါ့။
တရက်မှာ ကျမရုံးမှာ ပိတ်ရက်အလုပ်လုပ်နေတုံး- အစောင့်ကောင်လေးကလာပြောတယ်။ မနေ့ညက ချောက်လို့တဲ့ အန်တီတဲ့။ ဘယ်သူချောက်တာတုံးဆိုတော့ (မ)တဲ့။ ကျမက မဖြစ်နိုင်တာဟယ် ရိုးရိုးအေးအေးနဲ့လို့ ဆိုလိုက်ပါတယ်။ ဘုရားတရားလည်း ၀ါသနာပါတယ်။ အေးအေးဆေးဆေးနေတတ်တယ်ပေါ့။
ချောက်တယ်ဆိုတော့ နည်းနည်းလေးတော့ တွန့်သွားမိတယ်။ ဒါပေမဲ့ သိပ်မကြောက်တတ်လို့လား မသိဘူး။ ချောက်လည်း ချောက်ပေါ့ဟာလို့ ပြန်ပြောလိုက်မိပါတယ်။ ချောက်ခံရတဲ့သူကလည်း ညပိုင်း တွေအလုပ်ဆင်းရတဲ့ အလုပ်ကိုလုပ်ရတဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးပါ။ သူ့ကို လာပြီး ခါးဖက် လာလုံးတယ်ဆိုဘဲ။ နောက်တော့ ဟိုကလည်း နာတော့ တဒေါင်နဲ့တွက်တယ်တဲ့။ အင်းသူတို့ ပြောပြ တာပေါ့။ ဖုန်းဆက်ခေါ် အော်ခေါ်နဲ့ လုပ်လိုက်ရတယ်လို့ပြောပြတယ်။
နောက်(၃)ရက်လောက်ကြာတော့-သတင်းတွေက ထပ်ထွက်လာပြန်ရော။ ချောက်ခံရမှာပေါ့။ သေသွားတဲ့ (မ)ရဲ့သားနဲ့ ချောက်ခံရတဲ့သူနဲ့ ပြသနာတွေဖြစ်ပြီး- (မ)ရဲ့သားလေးက အပြစ်ရယ်လို့ ကြီးကြီးမားမား မရှိဘဲ တိုင်ကြတောကြနဲ့ အလုပ်ပြုတ်သွားတယ်တဲ့။
ဒါလေးကြားတော့ ဘာကိုသတိရမိသလဲဆိုရင် မကျေနပ်ဖူးဆိုတဲ့ အစွဲပါဘဲ။ မကျေနပ်တဲ့စိတ်ဟာ (မ)ရင်ထဲ မှာ မပြေနိုင်မပျောက်နိုင်ရှိပါလိမ့်မယ်။ ဒါကြောင့် သူဟာ ဒီအစွဲနဲ့ သူ့သားကိစ္စတုံးက ပြသနာရှာတဲ့ သူကို ပြသနာပြန်ရှာတာပါဘဲ။ စိတ်ရဲ့စွမ်းအင်ဆိုတာ ကောင်းကျိုးတွေ ပေးသလို မထင်မှတ်ဖဲ နည်းနည်းလေး တိမ်းညွတ်သွားတာနဲ့- ဆိုးကျိုးပေးတော့တာပါဘဲ။
နောက်(၂)ရက်လောက်ကြာတော့ ညနေအိမ်ပြန်နောက်ကျတဲ့ ကျမလည်း (မ)ရဲ့နာမည်ကို ခေါ်ပြီး အမျှဝေပေး လိုက်ပါတယ်။ ဘာသာရေးအခံရှိတဲ့ သူဆိုတာ ကြာရှည်မနေပါဘူး။ နောက်ရက်တွေမှာ (မ)ရဲ့ ထပ်မံချောက်လန့်တယ်ဆိုတာလည်း မကြားတော့ပါဘူး။
သူ့အတွက်လည်း သူမအိမ်က ကောင်းမှုကုသိုလ် လုပ်ပေးရှာပါတယ်။ ဒါကြောင့် အစွဲအလန်းဆိုတာ တကယ်ကို ကြောက်စရာကောင်းပါတယ်။ နှလုံးသားမှာ မကျေနပ်တာ မကျေချမ်းတာရှိရင် တာရှည် မသိုလှောင်ဘဲ မြန်မြန်ဖယ်ထုတ်ဖို့လိုအပ်တယ်ဆိုတာ ဒါလေးက သက်သေပြသွားတာပါဘဲ။
အစွဲအလန်းဟာ မသေခင်ကာလလေးမှာ စိတ်ညွတ်မိတာနဲ့ နောက်ဆက်တွဲ ဆိုးကျိုးကိုဘဲ ပေးသွားပါတယ်။ သေခါနီးနှလုံးသွင်းကောင်းဘို့ဆိုတာ မလေ့ကျင့်ထားဘဲနဲ့ဘယ်နည်းနဲ့မှ အဆင်မပြေနိုင်ပါဘူးလို့။
ကျန်းမာချမ်းသာကြပါစေ။

Saturday, September 20, 2014

ဓမ္မစေတီခေါင်းလောင်းနှင့် ကျမ၏ ဆရာမအမြင်

ကျမမှာ ဆရာမ တစ်ဦးရှိပါတယ်။ သူဟာ တရုပ်အမျိုးသမီးပါ။ သို့ပေမဲ့ သူဟာ သမထလိုင်းမှာ နာမည်ပေါက်ရောက်ပြီးဘုရားတည်နေတဲ့သူဖြစ်ပါတယ်။ အကျင့်စာရဏမှာ ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီးရဲ့ တပည့်အရင်းဖြစ်တာမို့ ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီးကိုကိုးကွယ်တဲ့သူဆိုရင် ဒေါ်ရင်မေ ကိုမသိသူ မရှိသလောက်ပါဘဲ။ စရဏအားနဲ့ အတိတ်က ပါရမီကြောင့် ဆရာမဟာ ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီးရဲ့ လက်ရင်းတပည့်ပီပီ ဘုရားအဆူပေါင်းများစွာကို တည်တဲ့ အခါမှာ မပါမပြီးသလောက်ပါဘဲ။ ပွဲပေါင်းများစွာ ထိုးပြီးတိုင်းပြည်အေးချမ်းအောင် ကယ်နိုင်သမျှကယ်နေတဲ့ သူတွေ။ ကျမတွေ့ဘူးတဲ့ အကြားအမြင်တွေထဲမှာ အလိုရမက်နည်းတဲ့ သူလို့ပြောရမှာပါဘဲ။
ဝိဇ္ဇာများကို တိုင်ကြွလာတတ်ပြီး သူတို့မိန့်တဲ့အတိုင်းလုပ်ပေးရပါတယ်လို့ ကျမဆရာမက ပြောပြဘူးပါတယ်။
တရက်မှာ ကျမဆရာမက ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်နေတဲ့အကြောင်းပြောပါတယ်။ သိပ်တော့ မထင်ဘူးလို့လည်းပြောပါတယ်။ ဘာလို့လဲ လို့ ကျမလည်းမေးလိုက်တော့ လိုသေး တယ်လို့ ပြန်ပြောပါတယ်။ သို့သော် သူတို့ဘက်မှာ အစွမ်းထက်တဲ့ သူတွေရှိရင် နတ်ကောင်းနတ်မြတ်တွေ နဂါးတွေအကူအညီနဲ့ အများကြီးလုပ်ရဦးမယ်လို့ဆိုပါတယ်။
ဆရာမဟာအတော်ထူးဆန်းပါတယ်။ သူပြောရင် ကျမက တခါ တရံ ပျက်ရည်ပြုတတ်ပါတယ်။ မဖြစ်နိုင်တာလို့။ သို့သော် တနှစ်အတွင်း- ၆ လအတွင်း သူပြောတဲ့အတိုင်းဖြစ်ဖြစ်လာပါတယ်။ အရင်က ဆိုရင် သူကို မေးခြင်ရင် ဓါတ်ပုံလေးယူယူလာကြတယ်။ နောက်ပိုင်းမှာ အကျင့်အား သန်လာတဲ့အခါ နာမည်ကို ပြောလိုက်တာနဲ့ ပြောနိုင်ပါတယ်။
ကျမသူငယ်ချင်းရဲ့ ခဲအို ခွဲစိတ်ခန်းဝင်မယ်ဆိုတုံးက သူတို့က ကျမကို ဆရာမဆီလွတ်လိုက်ပါတယ်။ နှလုံးထဲကို ပစ္စည်းလေးနှစ်ခုထည့်မယ်။ ဒါကဘာမှမဖြစ်ဘူး။ တနှစ်အတွင်းမျက်လုံး(၂)ဖက်လုံးခွဲရတဲ့ အခါ ဒေါသကြီးလို့ မျက်လုံးတဖက် ကွယ်လုနီးပါးဖြစ်မယ်လို့ပြောလိုက်ပါတယ်။
သူပြောတဲ့အတိုင်းဖြစ်တာပါဘဲ။
သူက အမြဲအလုပ်ရှုတ်တတ်ပါတယ်။ ဟိုမှာ ဘုရားတည်လိုက် အထက်က ပုဂ္ဂိုလ်များက အမိန့်ပေးရင် သွားလိုက်နဲ့။
အင်းအခုတလော ဓမ္မစေတီခေါင်းလောင်းနဲ့ပတ်သက်ပြီး အသံပလံလေးတွေကြားလိုက်ရလို့ အဲဒီမကြားခင် တလလောက်က ကျမဆရာမပြောတဲ့အကြောင်းတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။ လုပ်မဲ့လုပ်လည်း ငွေမကုန်လူမပန်းရအောင် စွမ်းတဲ့ သူတွေနဲ့ လုပ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ဘာသာရေးကိစ္စဖြစ်နေတော့ အကုသိုလ် ကုသိုလ်တွေ မရောနှောစေခြင်လို့ပါ။
ပိုစ်လည်း မတင်ဖြစ်တာကြာပါပြီ။ အားလည်းမအားတော့ပါဘူး။ တာဝန်ကြီးတဲ့အတွက် ကိုယ်ပိုင်အချိန်နည်းသွားပါတယ်။ ဒီပို့စ်တွေတင်ဖြစ်ရေးဖြစ်တာဟာလည်း ကျမ သမထ သမားမဟုတ် ပေမဲ့ ဘိုးတော်အောင်မင်းခေါင်ကြီးရဲ့ လမ်းကြောင်းပေးမှုအတိုင်း ကိုယ့်ကိုကိုယ်တောင်မသိဘဲ လျောက်ဖြစ် သွားတာဖြစ်ပါတယ်။ တကယ့်ကို ကုသိုလ်လည်း အများကြီးရပါတယ်။
ကျမကို ပစ္စည်းအားဖြင့် ထောက်ပံ့ပေးခဲ့သော စင်္ကာပူမှ ကိုကျော်ဇေလှ (ဓမ္မလင့်) နှင့် ကိုရီးယား သမ္မတ နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကျမ၏ သူငယ်ချင်း ကိုထိန်လင်းတို့ကို အများကြီးကျေးဇူးတင်ပါတယ်။ သူတို့ ကြောင့် ပို့စ်များတင်ရာမှာ ၀ိုင်ဖိုင်မရသေးဘဲ ဖုန်းနဲ့တင်နိုင်အောင် အင်တာနက်ပါတဲ့ ဖုန်းပံ့ပိုးပေးခဲ့ တဲ့ ကိုထိန်လင်းရယ်။ ဘက်ထရီပျက်သွားလို့ မိုးရာသီမှာ ပို့စ်တွေအကုန်ပျက်တဲ့ ဒုက္ခကို ကယ်တင်ပေးခဲ့တဲ့ ကိုကျော်ဇေလှကို အထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။
အများမိုးခါးရေသောက်တိုင်း မသောက်ဖို့ဆိုတာ ကိုယ့်ကိုကိုယ်အများကြီး ထိန်းချုပ်ရပါတယ်။ အဲဒိလို  သူမျိုးတွေဟာလည်း အများနဲ့ သွေဖယ်သွားတတ်ကြပါတယ်။ ကျမဟာ ဆရာတော်ဘုရားကြီးမိန့်တဲ့ စကားလေးတခွန်းကို သွားသွားသတိရမိပါတယ်။ တဖြေးဖြေးဆုတ်လာပြီ။ ပူမယ်နော် ပူမယ်နော် ဆိုတာလေးပါ။ အထက်တက်ခြင်လို့ကတော့ ထိန်းချုပ်ရမယ်။ သူများယိမ်းတိုင်း မယိမ်းမယိုင်ဘို့ စိတ်ဓါတ် ကြံခိုင်ဘို့ အများကြီးလိုပါတယ်လို့ အမှတ်တရ ရေးသားလိုက်ရပါတယ်ရှင်

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts